Skip to main content

Posts

Cell ထဲမှ data များ ပေါင်းခြင်းနှင့်ခွဲခြင်း

အရင်ဆုံး မခွဲခင် ပေါင်းကြရအောင်ပါ။ Cell နှစ်ကွက် ဒါမှမဟုတ် Cell ကွက်တွေအများကြီးတစ်ခုနဲ့တစ်ခုပေါင်းမယ်ဆိုရင် CONCATENATE အဲ့ဒီမှာတစ်ခုရှိတာက Cell ကွက်တွေအများကြီးပေါင်းမယ်ဆိုပေမဲ့ Cell တစ်ကွက်မှာ Character(စကားလုံး)စုစုပေါင်း ၃၂၇၆၇ လုံးပဲဆန့်တာဆိုတော့ကာ အများကြီးတော့ စွတ်ခွပေါင်းလို့မရပါဘူး။ကိုယ်ရဲ့Cell ကွက်ထဲ Character ဘယ်နှစ်လုံးရှိလဲရေကြည့်ချင်ရင်တော့ =Len(Cell Address) ဥပမာ A1ထဲ ဘယ်နှစ်လုံးရှိလဲသိချင်ရင် =Len(A1)ပေါ့။  Cell တွေကို ပေါင်းတဲ့ Formula က CONCATENATE = CONCATENATE ( text1 , text2 ,...) Text1, Text2, ...    ဆိုကတော့ Character 1 လုံး ကနေ 255 လုံးအထိ ရိုက်ထည့်ထားတဲ့စာသား(Text String) ၊ ဒါမှမဟုတ် Number ၊ ဒါမှမဟုတ် ရည်ညွှန်းထားတဲ့ Cell ကွက်တစ်ကွက်( Single- Cell Refrences) ကိုဆိုလိုတာပါ။   Text String ကတော့ Font တစ်ခုမှာ ပါဝင်တဲ့ Character အားလုံးကို ဆိုလိုပါတယ်။ +,-,×,÷,۞ ۝۩ , A,B,C,D , က၊ ခ၊ ဂ အဲ့ဒါတွေအပြင် Space , Alt+ Enter စတဲ့ Character တွေအားလုံးပါဝင်ပါတယ်။ သူတို့ကို ရေးမယ်ဆိုရင်တော့ Text String တွေရဲ့ထုံးစံအတိုင်း Double Quote “  “ မျက်တောင်အဖွင့်အပိ
Recent posts

Text to column (သို့) Cell ထဲမှ Data များကို ခွဲထုတ်ခြင်း

အဖအမည်နဲ့အမိအမည်ပေါင်းထည့်ထားတယ် အဲ့ဒါကို ပြန်ခွဲခိုင်းတဲ့အခါတို့ အမည်နဲ့ မှတ်ပုံတင်အမှတ် အပေါ်အောက်ဆင့်ရေးထားတယ် သတ်သတ်စီပြန်လုပ်ပါ၊ ဘာညာသရကာအတွက်ပေါ့။ Cell ကွက် နှစ်ကွက် ဒါမှမဟုတ် အများကြီးကို Cell ကွက် တစ်ကွက်ထဲအနေနဲ့ပေါင်းတဲ့နေရာမှာ သတ်မှတ်ချက် သိပ်မရှိပေမဲ့ Cell ကွက်တစ်ခုထဲက ဒေတာကို တခြား Cell ကွက်တွေထဲ ခွဲထုတ်မယ်ဆိုတော့ သတ်မှတ်ချက်တွေ စည်းကမ်းတွေ ဗရပွထွက်လာတော့ ခါတိုင်းလိုပဲ နဲနဲကြာသွားတယ်(ကြာရင် နဲနဲကြာသွားတယ် ဆိုတာလဲ လက်သုံးစကားဖြစ်လာတော့မယ်) Text to column အကြောင်းရေးမယ်လုပ်တော့ Text to Row လုပ်လို့ရမရ ရရင်ဘယ်လိုလုပ်မယ်။ ဘယ်Function  က ဘယ်လို ဘယ်ထဲကဟာက ဘယ်လို စုံနေအောင်ရေးမယ်ဆိုတော့ကာ ကျွန်တော့ သူငယ်ချင်းကပြောတယ်။ ကကြီးကနေအ အထိသိအောင်သာအရင်ပြောပါ။ အက္ခရာဖြစ်တည်လာပုံတွေ စကားသံဖြစ်အင်္ဂါ တွေအကြောင်းက နောက်မှ ဆက်ပြောကြရအောင် ဆိုတော့ကာ ဋဋ္ဌဍဎ အဲ့လိုဟာတွေပါရောပြီးကျော်လိုက်တယ်။ ကိုယ်ရေးချင်တဲ့ဟာကို သူ့ဆီကို ပို့ပေးလိုက်တယ်။ မင်းရေးနေတဲ့ပုံစံ မင်းရေးနေတဲ့ Speed နဲ့ဆို ဒါနဲ့တင် နှစ်လ သုံးလ ကြာနေမှာ ကိုယ်ရေးနိုင်တဲ့အပိုင်း၊ကိုယ်သိစေချင်တဲ့အပိုင်းကို အဓိကရေး ပြီးရင် Link ထည့်ပေးလိုက် ထ